ကျွန်းလှမြို့နယ်၌ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် တတိယလုပွဲကျင်းပ

ကျွန်းလှ ဒီဇင်ဘာ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ် (၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် တတိယလုပွဲကို ယနေ့နံနက် ၉ နာရီက ရွှေကျွန်းမြေ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။

ဗိုလ်လုပွဲတွင် အ.ထ.က () အသင်းနှင့် အ.ထ.က (က) အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အ.ထ.က () အသင်းက နှစ်ပွဲတစ်ပွဲဖြင့်လည်းကောင်း၊ တတိယလုပွဲတွင် အ.ထ.က () အသင်းနှင့် အ.ထ.က () အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အ.ထ.က () အသင်းက နှစ်ပွဲပြတ်ဖြင့်လည်းကောင်း အနိုင်ရရှိသွားကြောင်း မြို့နယ်အားကစားမှူး ဒေါ်နွယ်နွယ်ထွန်းထံမှ သိရသည်။

 အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း (၂၁) သင်းဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပထမ၊ ဒုတိယနှင့် တတိယဆုရအသင်းများအား (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား၌ ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)