ချောင်းသာ ဒီဇင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ကျောင်းအခြေပြုတီဘီရောဂါကွင်းဆင်း ရှာဖွေခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက အ.ထ.က(ချောင်းသာ)ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ချောင်းသာမြို့တိုက်နယ်ကျန်းမာရေးဌာနမှ ဦးထွန်းအောင်ကို(ကျန်းမာရေးကြီးကြပ်-၁)က တီဘီရောဂါသည် မြန်မာနိုင်ငံ၏အဓိက ဦးစားပေးဖြေရှင်းရမည့် ပြည်သူ့ကျန်းမာရေးပြဿနာ တစ်ရပ်အနေဖြင့်လည်း ရပ်တည်လျက်ရှိနေပါကြောင်းတို့ကို ရှင်းလင်းဟောပြောခဲ့ပြီး တိုက်နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား တီဘီရောဂါလက္ခဏာများနှင့် တီဘီရောဂါဖြစ်ပွားစေတတ်သော အကြောင်းအရာများကို မေးမြန်းခြင်းနှင့် တီဘီရောဂါရှိ/မရှိ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ (အ.ထ.က)ချောင်းသာတွင် တက်ရောက်ပညာသင်ကြားနေကြသော ကျောင်းသား၊ ကျောင်းသူများကို တီဘီရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန်နှင့် တီဘီရောဂါပိုးစောစီးစွာ ရှာဖွေဖော်ထုတ် ကုသနိုင်ရန်ရည်ရွယ်ပြီး ဆောင်ရွက်ခြင်းဖြစ်ပြီး အလားတူချောင်းသာမြို့အတွင်းရှိ အခြေခံကျောင်းများတွင်လည်း ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကျော်ကျော်(ပြန်/ဆက်)