ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် (၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၄) သို့ တက်ရောက်

ဟားခါး ဒီဇင်ဘာ ၂၆

(၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး(၂/၂၀၂၄)ကို ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် ၉ နာရီခွဲက ဟားခါးမြို့ ၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ( ၇၇ ) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ၊ နာယက ၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို အဆင့်အတန်းမီမီ၊ အနှစ်သာရရှိရှိ ကျင်းပနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့ကျင်းပရာတွင် ချင်းလူမျိုးများ၏ ယဉ်ကျေးမှုစရိုက်လက္ခဏာများ ပေါ်လွင်စေရန်နှင့် စည်းလုံးညီညွှတ်မှုကို တိုးတက်ထွန်းကားစေရေးတို့အတွက် အကောင်းဆုံး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၊ ထို့ကြောင့် ဖွဲ့စည်းထားသည့် ကော်မတီအသီးသီးတာဝန်ရှိသူများအားလုံး အချိတ်အဆက်မိမိ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် ကော်မတီများအနေဖြင့် ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် တင်ပြလိုသည့်အချက်များကို တင်ပြကြစေလိုကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် ( ၇၇ ) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ၊ နာယက ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်မိုးဟိန်းက လုံခြုံရေးကိစ္စ ရပ်များကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ( ၇၇ ) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်နှင့် ( ၇၇ ) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးဦးစီးကော်မတီ ၊ အဖွဲ့ဝင်များဖြစ်ကြသည့် သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း ၊ လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦး ၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှ ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်းဒုတ်ကျင့်နှင့် ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး ဦးအောင်ချိုတို့က ( ၇၇ ) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန်ဖြစ်ကြောင်း ရှင်းလင်း တင်ပြကြသည်။

ထို့နောက် ( ၇၇ ) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဆပ်ကော်မတီများဖြစ်ကြသည့် မုခ်ဦးဖွင့်ပွဲအခမ်းအနားကျင်းပရေးကော်မတီ၊ ချင်းရိုးရာအခမ်းအနား ပြင်ဆင်ရေးနှင့်ဝတ်စားဆင်ယင်မှုဆပ်ကော်မတီ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပနိုင်ရေးဆပ်ကော်မတီ ၊ ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဆုပစ္စည်းများချီးမြှင့်နိုင်ရေးဆပ်ကော်မတီ ၊ ဆုချီးမြှင့်ရေး အထောက်အကူပြုဆပ်ကော်မတီ ၊ ပြခန်းများကျင်းပရေးဆပ်ကော်မတီ ၊ ဖွင့်ပွဲ ၊ ပိတ်ပွဲကျင်းပရေး ဆပ်ကော်မတီ ၊ အရေးကြီးပုဂ္ဂိုလ်များဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထား ရေးဆပ်ကော်မတီ ၊ ဘဏ္ဍာရေးဆပ်ကော်မတီ ၊ သယ်ယူပို့ဆောင်ရေးဆပ်ကော်မတီ ၊ စာတမ်းမှတ်တမ်းပြုစုရေး ဆပ်ကော်မတီ၊ ပြန်ကြားရေးနှင့်သတင်းထုတ်ပြန်ရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ ၊ လုံခြုံရေးဆပ်ကော်မတီ ၊ စာရင်းစစ်ဆေးရေးဆပ်ကော်မတီနှင့် ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီတို့မှဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီး ၊ ဆောင်ရွက်ဆဲ ၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံများနှင့် တင်ပြလိုသည့်အချက်များကို ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များအပေါ် (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ၊ ဦးစီးကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ပြည်နယ်ဝန်ကြီးများ ၊ ပြည်နယ် ဥပဒေချုပ် ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် နာယက ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးတို့က အကြုံပြုဖြည့်စွက်ဆွေးနွေးကြပြီး (၇၇) နှစ်မြောက်ချင်းအမျိုးသားနေ့ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး၊ နာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

( ခရိုင် ပြန်/ဆက် )