(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာနှင့်ပန်းချီ ပြိုင်ပွဲပြုလုပ်

ကန့်ဘလူ ဒီဇင်ဘာ ၂၇

(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ကျောင်းပေါင်းစုံ စာစီစာကုံး၊ ကဗျာနှင့်ပန်းချီပြိုပွဲများကို စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် အ.ထ.က(၁)ကန့်ဘလူ ကျောင်းတွင် ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ အထက်တန်းဆင့် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများတွင် ကျောင်းသား၊ ကျောင်းသူ ၃၁၊ အလယ်တန်းဆင့် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီ ပြိုင်ပွဲတွင် ကျောင်းသားကျောင်းသူ ၄၄၊ မူလတန်းဆင့် စာစီစာကုံးနှင့်ပန်းချီပြိုင်ပွဲတွင် ကျောင်းသားကျောင်း သူ ၂၈ စုစုပေါင်း ၁၀၃ ဦးဝင်ရောက်ယှဥ်ပြိုင်ကြရာ မြို့နယ်ပညာရေးမှူး ဦးဆောင်မှုဖြင့် ဆရာဆရာမများက ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲများတွင် ဆုရရှိသူ ကျောင်းသားကျောင်းသူများအား ကန့်ဘလူခရိုင်စုပေါင်းရုံးရွှေဆည်မြိုင်ခန်းမ၌ ကျင်းပမည့် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုများကိုပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း လက်ထောက်ပညာရေးမှူး ဦးမိုးကျော်အောင်ထံမှသိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)