ချောက် ဒီဇင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဆန်ကုန်သည်များ၊ ဆန်လုပ်ငန်းရှင်များနှင့် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းနှင့်စပ်လျဥ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၃) နာရီက မြို့နယ်ဆန်ကုန်သည်ကြီးများအသင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက ပြည်တွင်း၌ ဆန်စပါးဖူလုံရေး၊ ပြည်ပသို့စနစ်တကျတင်ပို့နိုင်ရေး၊ ဆန်စပါးဈေးနှုန်းဈေးကွက်နှင့် ဈေးနှုန်းတည်ငြိမ်မှန်ကန်ရေး၊ ဆန်စပါးသိုလှောင်ရုံတည်ရှိမှု အခြေအနေများကိုစနစ်တကျ စာရင်းပြုစု မှတ်တမ်းတင်နိုင်ရေး၊ သိုလှောင်ရုံကုန်အမှတ်လက်ခံရေးတို့ကို အခြေပြုသည့်ငွေ ကြေးထောက်ပံ့မှုစနစ်ကို ဖော်ဆောင်နိုင်ရေးတို့အတွက် ပြည်တွင်း၌ လုပ်ကိုင်ဆောင်ရွက် လျက်ရှိသည့် ဆန်စပါးသိုလှောင် ရုံမှတ်ပုံတင်ခြင်းကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစတင်၍ www. myro. com. mm တွင် မှတ်ပုံတင်နိုင်ကြောင်း အသိပေးကြေငြာထားပြီးဖြစ်ကြောင်း၊ ဆန်စပါး လုပ်ငန်းရှင်များအနေဖြင့် ဆန်စပါး သိုလှောင်ရုံ မှတ်ပုံတင်ခြင်း ဆိုင်ရာအမိန့်” အရ ဆန်တန်ချိန် (၂၅) တန်နှင့်အထက် (သို့မဟုတ်) စပါးတင်း (၂၅၀၀) နှင့်အထက် သိုလှောင်မှုများအား Myanmar Rice On line-MyRO တွင် မှတ်ပုံတင် စာရင်းသွင်းရမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
ချောက်မြို့နယ်အတွင်းရှိ ဆန်ကုန်သည်များနှင့် ဆန်လုပ်ငန်းရှင်များအနေဖြင့် ဆန်စပါးသိုလှောင်ရုံမှတ်ပုံ တင်ခြင်းလုပ်ငန်များ ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်းနှင့် ချောက်မြို့နယ်တွင် ဆန်ကုန်သည်များနှင့် ဆန်လုပ်ငန်းရှင် (၁၂) ဦးရှိကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)