နတ်မောက်မြို့နယ် မြို့မဈေးကြီးအတွင်းရှိ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးပစ္စည်းများ ကြံ့ခိုင်မှု ရှိ/မရှိစစ်ဆေး

နတ်မောက် ဒီဇင်ဘာ ၂၇

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ မြို့မဈေးကြီးအတွင်းရှိ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးပစ္စည်းများ ကြံ့ခိုင်မှုရှိ/မရှိစစ်ဆေးခြင်းကို ဈေးတာဝန်မှ ကြီးကြပ်၍အဖွဲ့ဝန်များက ယမန်နေ့က ဆောင်ရွက်ခဲ့သည်။

ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် မြို့မဈေးကြီးအတွင်း  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကပ်၊ လှေကားများ ကြံ့ခိုင်မှုရှိ/မရှိ စစ်ဆေးခြင်း၊ လှေကားများအားပြုပြင်၍ ဆေးသုတ်ခြင်း၊ ရေပုံး၊ သဲပုံးများချိတ်ဆွဲထားရှိမှုနှင့် မီးသတ်ဆေးဘူးများထားရှိမှု၊ အတွင်းအရေးပေါ် အဆင်သင့်အသုံးပြုနိုင်ရန် ရေငုတ်များကိုထားရှိမှုအခြေအနေများကို လိုက်လံစစ်ဆေးခဲ့သည်။ ဆက်လက်၍ မြို့မဈေးအပြင်ဘက်လမ်းမြေပေါ်တွင်ကျူးကျော်၍ ဈေးရောင်းချနေမှုများကို ရောင်းချခြင်းမရှိစေရေး၊ မြို့မဈေးကြီးအတွင်းရှိ ဆိုင်ခန်းရှင်များနှင့် ပျံကျဈေးသည်များအား ဈေးရောင်းချရာတွင်သတ်မှတ်ထားသည့် စည်းကမ်းနှင့်အညီ စနစ်တကျရောင်းချစေရေးအတွက် လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

မူမူစန်း