နတ်မောက် ဒီဇင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မိခင်နှင့်ကလေးကျန်းရေးဌာနအနေဖြင့် အခြေခံပညာရေးကျောင်းများတွင် ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောပွဲပြုလုပ်လျက်ရှိပြီး ယမန်နေ့က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောပွဲတွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန ဆရာမများမှ ကျောင်းသား/သူများအား ကိုယ်အလေးချိန်တိုင်းတာပေးခြင်း၊ အရပ်အမြင့်ပေတိုင်းတာခြင်းများ ဆောင်ရွက်ပေးပြီး သံချဆေးများတိုက်ကျွေး၍ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ကာ ကျန်းမာရေးအတွက်လိုအပ်သည့် ဆေးဝါးများတိုက်ကျွေးခဲ့သည်။ ဆက်လက်၍ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ဆရာမဒေါ်ရီရီငြိမ်း(HA1)နှင့် ဆရာ/မများက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ထက်/လယ်/မူ ကျောင်းသား/သူများအား ကျန်းမာရေးစစ်ဆေးခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
လှဝင်း