ဂန့်ဂေါမြို့၌ အခြေခံပညာကျောင်းများရှိ ကျောင်းသား/ကျောင်းသူများအား T.B ရောဂါ ရှိ/မရှိ စမ်းသပ်စစ်ဆေးပေး

ဂန့်ဂေါ ဒီဇင်ဘာ ၂၇

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအနေဖြင့် အခြေခံပညာ (အထက်တန်း/ အလယ်တန်း/ မူလတန်း) ကျောင်းများမှ ကျောင်းသား/ကျောင်းသူများအား T.B ရောဂါရှိ/မရှိ စစ်ဆေးပေးခြင်းကို ယမန်နေ့နံနက် (၈) နာရီခွဲ အချိန်ကစတင်၍ စစ်ဆေးဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူများ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ခံ ဒေါက်တာကျော်ကျော်လွင် ဦးဆောင်၍ ဒေါက်တာဝင်းထိုက်၊ မြို့နယ်ကျန်းမာရေးမှူး ဦးစန်းဝင်း၊ ကျန်းမာရေးမှူး-၁ ဦးထွန်းဇော်လင်းနှင့် ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အဖွဲ့(၂)ဖွဲ့ခွဲကာ အ.ထ.က(မြို့မ)၊ အ.ထ.က(ဂန့်ဂေါ)၊ အ.လ.က(မြောက်ကုန်း)၊ အ.လ.က(ပြစ်မ)၊  အ.လ.က(ခွဲ) (ကျောတိုက်)၊ အ.လ.က (ခွဲ) (စည်ပင်သာယာ)၊ အ.မ.က (မြို့မတောင်ပိုင်း) နှင့် အ.မ.က (တပ်တွင်း)ကျောင်း (၈) ကျောင်းမှ ကျောင်းသား/ ကျောင်းသူများနှင့် ဆရာ/ဆရာမများအား T.B ရောဂါ ရှိ/မရှိ စစ်ဆေးပေးခြင်းနှင့် နှာစီးချောင်းဆိုးဖျားနာရောဂါများကို စစ်ဆေးပေးကာ လိုအပ်သော ဆေးဝါးကုသမှုများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။

ထိုသို့ ကျန်းမာရေးစမ်းသပ်စစ်ဆေးမှုများကို တာဝန်ခံမြို့နယ်ပညာရေးမှူး၊ ဦးရာထွန်းနှင့် ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ ဆရာ/ဆရာမများ၊ တာဝန်ရှိသူများက ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

မောင်မျိုးမင်း(ပြန်/ဆက်)