ဇလွန်မြို့ မြို့မဈေးသစ်တွင် အခြေခံစားသောက်ကုန် ကြက်ဥများအား သက်သာသော ဈေးနှုန်းဖြင့် အလုံး(၂,၀၀၀) ရောင်းချပေး

ဇလွန် ဒီဇင်ဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အခြေခံအိမ်ထောင်စုများအား ကြက်ဥများကို သက်သာသောဈေးနှုန်းဖြင့် ယနေ့နံနက် ၈ နာရီတွင် မြို့မဈေးသစ်တွင် ရောင်းချပေးခဲ့သည်။

အခြေခံအိမ်ထောင်စုများအား မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူပေါင်း၍ ကြက်ဥများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးရာတွင် အခြေခံစားသောက်ကုန် ပစ္စည်းများအား ကုန်ဈေးနှုန်းတည်ငြိမ်စေရန်အတွက် ကြက်ဥတစ်လုံးလျှင် (၃၇၀)ကျပ်နှုန်းဖြင့် ကြက်ဥအလုံး(၂၀၀၀ )ကို လိုအပ်သလို ရောင်းချပေးခဲ့ကြောင်းသိရသည်။

ဝေယံ - ဇလွန် ( ပြန် /ဆက် )