ဘိုကလေးမြို့နယ်တွင် ကျောင်းအခြေပြု တီဘီရောဂါကွင်းဆင်းရှာဖွေခြင်းလုပ်ငန်း အသိပညာပေးဆွေးနွေး

ဘိုကလေး ဒီဇင်ဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ အောင်ဆန်းခန်းမတွင် ယနေ့နံနက်(၁၁)နာရီ၌ ကျောင်းအခြေပြု တီဘီရောဂါကွင်းဆင်းရှာဖွေခြင်းလုပ်ငန်း အသိပညာပေးဆွေး‌နွေးပွဲကျင်းပဆောင်ရွက်သည်။

ဆွေးနွေးပွဲသို့ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးကံဝင်း၊ ဘိုကလေးမြို့နယ် ကုတင်(၁၀၀)ပြည်သူ့ဆေးရုံအုပ် ဒေါက်တာအောင်သူထက်နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဝန်ထမ်းများ၊ မြို့နယ်တွင်းရှိ အခြေခံပညာကျောင်းပေါင်းစုံမှ ဆရာ/မများ တက်ရောက်ကြပြီးဆွေးနွေးပွဲတွင် ကုတင်(၁၀၀)ပြည်သူ့ဆေးရုံအုပ် ဒေါက်တာအောင်သူထက်က ကလေးငယ်များတွင် တွေ့ရှိရတတ်သည့် တီဘီရောဂါလက္ခဏာများ၊ တီဘီရောဂါတွေ့ရှိမှုသမိုင်း၊ ရောဂါကူးစက်နိုင်သည့် နည်းလမ်းများအား အသိပညာပေးဆွေးနွေးခဲ့ပြီး (၂၀၂၅)ခုနှစ်၊ ဇန်နဝါရီလတွင် စတင်၍ ကျေးရွာကျောင်းများအရောက် ကွင်းဆင်း၍ သက်ဆိုင်ရာအဖွဲ့များနှင့် ပူးပေါင်းကာ ရောဂါရှာဖွေရေးလုပ်ငန်များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးအဆင့်(၁) ဒေါ်အေးမြတ်မွန်က (၂၀၂၅)ခုနှစ်တွင် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း အစီအစဉ်လျာထားချက်များ၊ ကလေးငယ်များ၏ အနည်းဆုံးအာဟာရလိုအပ်ချက်နှင့် အာဟာရ၏ အရေးပါပုံများအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)