ဘိုကလေး ဒီဇင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းရှိ ဆန်စက်များအား မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေးမှုများကို ယနေ့နံနက်(၈)နာရီအချိန်၌ ပူးပေါင်းအဖွဲ့မှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပူးပေါင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနနှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာ ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ဆန်စက်များ၌ မီးဘေးလုံခြုံရေးအတွက် လိုအပ်သည့် ပစ္စည်းကိရိယာများ ထားသိုခြင်းရှိ/မရှိအား စစ်ဆေးဆောင်ရွက်ခြင်းဖြစ်ပြီး အဆိုပါပူးပေါင်းအဖွဲ့မှ ဆန်စက်ပိုင်ရှင်များ၊ ဝန်ထမ်းများနှင့်တွေ့ဆုံကာ မီးဘေးလုံခြုံရေးအတွက် လိုက်နာရမည့်အချက်များ၊ ရှောင်ရှားရမည့်အချက်များအား ဆွေးနွေးအသိပညာပေးခဲ့ကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)