ကျုံပျော် ဒီဇင်ဘာ ၂၆
ကလေးများ၏ကာယ၊ ဉာဏ စွမ်းရည်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော် ခရိုင်၊ ကျုံပျော်မြို့နယ်၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ ခရုရိုး မူလတန်းကြိုကျောင်း၏ ကျောင်းတွင်း ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝေဝေလွင်က ဌာန၏လုပ်ငန်းဆောင်ရွက်မှု ကိစ္စများ၊ ကလေးများအတွက် ဘက်စုံ ဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ အမှာစကား ပြောကြားသည်။
ထို့နောက် မူကြိုကလေးငယ်လေးများက ကာယစွမ်းရည်ပြိုင်ပွဲများအား အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး၊ တာဝန်ရှိသူများက ပါ၀င်ယှဥ်ပြိုင်ကစားခဲ့ကြသည့် မူကြိုကလေးငယ်များအားဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း၊ အဆိုပါအခမ်းအနားသို့ လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ခရုရိုး ကျေးရွာ မူကြိုကျောင်းအုပ်ကြီးနှင့်၀န်ထမ်းများ၊ ကျောင်းသားမိဘများ၊ မူကြိုကလေးငယ်များ အသီးသီးတက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)