မင်းလှမြို့ လူထုအခြေပြုဗဟိုဌာနတွင် အခမ်းအနားမှူးသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

အထက်မင်းလှ  ဒီဇင်ဘာ ၂၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ဌာနနှင့် ဌာနဆိုင်ရာများ ပူး‌ပေါင်းကျင်းပပြုလုပ်သည့် အခမ်းအနားမှူးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီခွဲက လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာငြိမ်းက ယခုဖွင့်လှစ်သည့် အခမ်းအနားမှူးသင်တန်းကို မြို့နယ်အဆင့်အခမ်းအနားများ၊ ဌာနဆိုင်ရာများမှကျင်းပသည့် အခမ်းအနားများတွင် အခမ်းအနားမှူးကောင်းတစ်ဦးဖြစ်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ သင်တန်းမှ သင်ကြားပို့ချပေးမည့် သင်ခန်းစာများကို မှတ်သားလေ့ကျင့်ပြီး ဌာနအသီးသီးတွင် ကျင်းပသည့် အခမ်းအနားများ၌ လက်တွေ့ဆောင်ရွက်နိုင်ရန် စာတွေ့၊ လက်တွေ့ လေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားမှူးသင်တန်းကို မင်းလှမြို့နယ်အတွင်းရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်က‌လေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ စုစုပေါင်း (၂၅)ဦး တက်ရောက်ခဲ့ပြီး သင်တန်းတွင် အခမ်းအနားမှူးကောင်းတစ်ဦးတွင်ရှိရမည့် ဝတ်စားဆင်ယင်မှုများ၊ စကားပြောအတက်ပညာ၊ ဆောင်ရွက်ရမည့်အချက်များ၊ လိုက်နာရမည့်အချက်များအား စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)