မြို့သစ် ဒီဇင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများကို ကျန်းမာတက်ကြွသောဘဝရရှိစေရန်အတွက် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုကို အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်း ဆောင်ရွက်လျက်ရှိရာ မြို့သစ်မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ သံဃာတော်များဆေးကုသဆောင်၌ ယမန်နေ့နံနက်ပိုင်းက ပုံမှန်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများကို အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းကို မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများမှ အခြေခံရောဂါရှာဖွေစမ်းသပ်စစ်ဆေးခြင်း၊ ကြိုတင်ရောဂါရှာဖွေခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ ကိုယ်အလေးချိန်နှင့် အရပ်တိုင်းတာပေးခြင်း၊ ဆီးချို သွေးချို တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ခြင်းများ ပြုလုပ်ပေးပြီး လိုအပ်သောဆေးဝါးနှင့် ကုသခြင်းများကို (အခမဲ့) စစ်ဆေးကုသဆောင်ရွက်ပေးခဲ့သည်။
မြို့သစ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်း အငြိမ်စားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးရာ ယမန်နေ့က အငြိမ်းစားနိုင်ငံ့ဝန်ထမ်း (၃၅)ဦးခန့် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မြို့သစ်မြို့နယ် ပြည်သူ့ဆေးရုံ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
သန်းဝင်းထွန်း (ပြန်ဆက်)