နတ်မောက် ဒီဇင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့မဈေးကြီးအတွင်း လိုက်လံဖြန့်ဝေပေးခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ(၂၀၁၉ ခုနှစ်) ဥပဒေပုဒ်မ ၁၀၁(ခ)၊ ကလေးအလုပ်သမားဆိုသည်မှာ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေ (၂၀၁၉ခုနှစ်) ဥပဒေ ပုဒ်မ ၁၀၃၊ မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် ရည်မှန်းချက်(၆)ရပ်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ (၂၀၁၉ ခုနှစ်) ဥပဒေပုဒ်မ (ခ)(၁)၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ (၂၀၁၉ ခုနှစ်) ဥပဒေပုဒ်မ ၁၀၂၊ ကလေး၊ လူရွယ်၊ လူငယ်၏ အဓိပ္ပါယ်ဖော်ပြချက်စသည့် အသိပညာပေးအကြောင်းအရာများ ဝေဝေဆာဆာဖော်ပြပါရှိပြီး အများပြည်သူဖတ်ရှု့၍ အသိပညာဗဟုသုတရရှိစေရန် ရုံးဝန်ထမ်း များက လိုက်လံဖြန့်ဝေပေးခဲ့သည်။
လှဝင်း