အင်္ဂပူမြို့နယ် ပညာရေးငွေစုငွေချေး သမဝါယမအသင်းလိမိတက်၏ (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ပြုလုပ်

အင်္ဂပူ ဒီဇင်ဘာ ၂၅

အင်္ဂပူမြို့နယ် ပညာရေးငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းဝေးကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံး အစည်းဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ဦးစွာ သဘာပတိ ဆရာဦးမောင်ချိုနှင့် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့ခိုင်တို့မှ အမှာစကားများပြောကြားခဲ့သည်။ ထို့နောက် ပညာရေးငွေစုငွေချေးသမအသင်းလီမိတက်၏ ဒါရိုက်တာအဖွဲ့ အစီရင်ခံစာဖတ်ကြားခြင်းနှင့် အတည်ပြုခြင်း၊ အသင်းသားစာရင်းစစ်အဖွဲ့ အစီရင်ခံစာဖတ်ကြားခြင်းနှင့် အတည်ပြုခြင်း၊၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ချုပ်အစီရင်ခံစာ ဖတ်ကြားခြင်းနှင့် အတည်ပြုခြင်းများ ဆောင်ရွက်ခဲ့ပြီး သဘာပတိမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် လျာထားငွေများ တင်ပြအတည်ပြုချက်ရယူခြင်းများ‌ ဆောင်ရွက်ခဲ့ပြီး‌နောက် တက္ကသိုလ်ဝင်စာမေးတွင် ဂုဏ်ထူးရရှိသည့် အသင်းသားများ၏ သားသမီးများနှင့်အသင်းသားများထဲမှ စု‌ဆောင်းငွေအများဆုံးထည့်ဝင်သူ အသင်းသား(၃)ဦးအား တာဝန်‌ရှိသူများက ဆုများ ဂုဏ်ပြုပေးအပ်ခဲ့သည်။ ထို့နောက် အမှုဆောင်အဖွဲ့ရွေးချယ်ခြင်းအား ဆက်လက်ပြုလုပ်ရာ သဘာပတိ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့ခိုင်က အမှာစကား‌ပြောကြားခဲ့ပြီး အမှု‌ဆောင်သစ် (၉) ဦးနှင့် အသင်းသားစာရင်းစစ် (၂) ဦးတို့အား ရွေးချယ်အတည်ပြုခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့ခိုင်၊ ပညာရေးငွေစုငွေချေးသမအသင်းလိမိတက်မှ သဘာပတိနှင့်အမှု‌ဆောင်များ၊ အသင်းသားများ စုစုပေါင်းအင်အား (၂၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)