ကန့်ဘလူ ဒီဇင်ဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ အခြေခံကွန်ပျူတာသင်တန်း (၇/၂၀၂၄)နှင့် ဆံပင်အုပ်(ဘိုးကလစ်) ပြုလုပ်နည်း သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းဖွင့်ပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တအုပ်ချုပ်ရေးမှူး ဦးဆန်းလင်းအောင်က သင်တန်းသားများအနေဖြင့် လက်တွေ့နယ်ပယ်တွင် ပြန်လည်အသုံးချနိုင်ရေးအတွက် သင်တန်းမှ သင်ကြားပေးသည်များကို စိတ်ပါဝင်စားစွာ လေ့လာမှတ်သားကြရန် လိုအပ်ကြောင်း မှာကြားခဲ့သည်။
ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် သင်တန်းဖွင့်လှစ်ဆောင်ရွက်မည့်အခြေအနေများ၊ သင်တန်းစည်းကမ်းများကို ရှင်းလင်းပြောကြားပြီး ဆံပင်အုပ် (ဘိုးကလစ်)ပြုလုပ်နည်း သင်တန်းနည်းပြဆရာမ ဒေါ်အေးအေးစန်းက ပို့ချမည့်သင်ခန်းစာများနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
အဆိုပါ သင်တန်းများတွင် အခြေခံကွန်ပျူတာသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ ၁၀ ဦးတက်ရောက်၍ သင်တန်းကာလ တစ်လကြာသင်ကြားပေးမည်ဖြစ်ပြီး ဆံပင်အုပ်(ဘိုးကလစ်) ပြုလုပ်နည်းသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ ၃၅ ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလ ၂ ရက်တာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)