နတ်မောက် ဒီဇင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး နတ်မောက်မူလတန်းကြိုကျောင်း၌ ကာယစွမ်းရည်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက အဆိုပါမူလတန်းကြိုကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ကျောင်းသား/ သူကလေးငယ်များက မြန်မာအားကစားကမ္ဘာလွှမ်းရမည် သီချင်းနှင့် ပွဲသိမ်းဂိုးသီချင်းတို့ဖြင့် ဖွင့်လှစ်ပေးခဲ့ပြီး မူလတန်းကြိုကျောင်းမှ ကျောင်းသား/ သူသားငယ်သမီးငယ်များ၏ ကာယစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် ရိုးရိုးပြေး၊ ဖိနပ်စီး၊ အရုပ်ကောက်၊ ရေဖြည့်၊ ပုတီးသီ၊ အလံကောက်၊ ဇွန်းကိုက်၊ ဝက်အူရစ်၊ ရေဘူးဖုံးညှပ်၊ ပုံသဏ္ဍာန်အံသွင်း၊ ပိုက်ဆက်၊ ကြက်ဥကောက်၊ ကြိုးထိုး၊ အရုပ်ဆက်၊ ရေဘူးစွပ်၊ စကောရွက် စသည့် ပြိုင်ပွဲများကို အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ နတ်မောက်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ ဆရာ/မများတို့က ကြီးကြပ်ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် ကာယစွမ်းရည်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုနှင့် အထူးဆုရရှိကြသည့် သားငယ်၊ သမီးငယ်လေးများကို တာဝန်ရှိဆရာ/ မများနှင့် ကျောင်းကော်မတီဝင်တို့က ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး သားငယ်၊ သမီးငယ်လေးများ၏ မိဘများနှင့်အတူ ပျော်ရွှင်စွာ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။
လှဝင်း