ကန့်ဘလူ ဒီဇင်ဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲများတွင် အထက်တန်းဆင့် စာစီစာကုံး၊ ကဗျာနှင့်ပန်းချီပြိုပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၃၀) ဦး၊ အလယ်တန်းဆင့် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၃၅) ဦး၊ မူလတန်းဆင့် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၂၀) ဦး စုစုပေါင်း (၈၅) ဦးဝင်ရောက်ယှဥ်ပြိုင်ကြသည်။
ယင်းပြိုင်ပွဲများမှ အထက်ဆင့်၊ အလယ်တန်းဆင့်၊ မူလတန်းဆင့်တို့တွင် ပထမ၊ ဒုတိယနှင့် တတိယ ရရှိသူများသည် မြို့နယ်အဆင့် ဆက်လက်ယှဥ်ပြိုင်ကြရမည်ဖြစ်ပြီး မြို့နယ်အဆင့်တွင် ဆုရရှိသူ ကျောင်သား၊ ကျောင်းသူများအား လွတ်လပ်ရေးနေ့ အခမ်းအနား၌ တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)