နတ်မောက်မြို့၌ ယာဉ်အန္တရာယ်ကင်းရှင်းရေး လမ်းလယ်မျဉ်းရေးဆွဲခြင်းလုပ်ငန်းများ ပြုလုပ်

နတ်မောက် ဒီဇင်ဘာ ၂၅

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ယာဉ်အန္တရာယ်ကင်းရှင်းရေး လမ်းလယ်မျဉ်ရေးဆွဲခြင်းလုပ်ငန်းများကို ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကြီးကြပ်ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် ယာဉ်ကြီး၊ ယာဉ်ငယ်များ မောင်းနှင်ရာ၌ ယာဉ်အန္တရာယ်မရှိစေရေးနှင့် ယာဉ်များအရှိန်ဖြင့် မောင်းနှင်ခြင်းမရှိရေး၊ ယာဉ်မောင်းသူများမြင်သာစေရန် လမ်းမကြီး၏အလယ်ခေါင်နှင့် Slow Down များတွင် ဆေးသုတ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ =အင်ဂျင်နီယာတို့က လိုက်လံကြီးကြပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လှဝင်း