မင်းလှမြို့ မူလတန်းကြိုကျောင်း၌ ကျောင်းတွင်းကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

အထက်မင်းလှ ဒီဇင်ဘာ ၂၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မူလတန်းကြိုကျောင်း၌ ကျောင်းတွင်း ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီက မူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ကာယစွမ်းရည်ပြိုင်ပွဲများတွင် မူလတန်းကြိုကျောင်းမှ သားငယ်သမီးငယ်လေးများက အပြေးပြိုင်ပွဲ၊ စကောရွက်ပြိုင်ပွဲ၊ ခေါင်းအုံးရွက်ပြိုင်ပွဲ၊ အိတ်စွပ်အပြေးပြိုင်ပွဲ၊ အင်္ကျီဝတ်အပြေးပြိုင်ပွဲ၊ ထိုင်ခုံလုပြိုင်ပွဲ စသည့် ပြိုင်ပွဲ (၁၃)ပွဲတွင် အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ အဆိုပါ ကာယစွမ်းရည်ပြိုင်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်း‌အောင်၊ မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်က‌လေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက လိုအပ်သည်များအား ကူညီဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ကာယစွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ပြိုင်ပွဲအသီးသီးတွင် ပထမ၊ ဒုတိယ၊ တတိယဆုနှင့် အထူးဆုရရှိသည့် သားငယ်၊ သမီးငယ်လေးများကို တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ ကာယစွမ်းရည်ပြိုင်ပွဲများ၌ မူလတန်းကြိုကျောင်းတွင် တက်ရောက်နေသော သားငယ်၊ သမီးငယ် (၅၈)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး  သားငယ်သမီးငယ်များ ကာယစွမ်းရည်ဖွံ့ဖြိုးတိုးတက်‌စေရန် ရည်ရွယ်၍ ကျင်းပပြုခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)