တောင်တွင်းကြီးမြို့နယ်၊ မောင်းတိုင်(၁)ရပ်ကွက်ရှိ လောကတက္ကသိုလ်စာကြည့်တိုက်ဆောက်လုပ်မှု (၉၅) ရာခိုင်နှုန်း ပြီးစီး

တောင်တွင်းကြီး ဒီဇင်ဘာ ၂၄

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ပြည်သူများ အသိပညာဗဟုသုတများရရှိစေရေး၊ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြင့်မားရေးအတွက် နိုင်ငံတော်၏ လှူဒါန်းထောက်ပံ့ငွေဖြင့် ဆောက်လုပ်လျက်ရှိသည့် တောင်တွင်းကြီးမြို့နယ်၊ မောင်းတိုင်()ရပ်ကွက်ရှိ လောကတက္ကသိုလ်စာကြည့်တိုက် ဆောက်လုပ်နေမှု (၉၅)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ စာကြည့်တိုက်ဆောက်လုပ်ရာတွင် မြို့နယ်အဆင့် စာကြည့်တိုက်များအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြီးကြပ်၍ စာကြည့်တိုက်အဆောက်အဦ ဆောက်လုပ်ရာတွင် သတ်မှတ်ထားသည့်  DrawingDesign များအတိုင်း ဆောက်လုပ်၍ အရည်အသွေးစံချိန်စံညွှန်းပြည်မီစေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ စာကြည့်တိုက်ဆောက်လုပ်မှု အမြန်ပြီးစီးနိုင်ရေး စာကြည့်တိုက်ကော်မတီဝင်များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် စာကြည့်တိုက် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)