မြဝတီ ဒီဇင်ဘာ ၂၄
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်မှ လစဉ်ပုံမှန်သတ်မှတ်ရက်အတိုင်း ထုတ်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၈ နာရီတွင် စတင်ထုတ်ပေးနေပြီဖြစ်ကြောင်း သိရသည်။
ထို့သို့ ပင်စင်လစာငွေများ ထုတ်ပေးရာတွင် ကာယကံရှင်ကိုယ်တိုင် ထုတ်ယူနိုင်ခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် ကာယကံရှင်ကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ခြင်းမရှိသည့် အငြိမ်းစားအသက်ကြီးသူများနှင့် ကျန်းမာရေး မကောင်းသူများ၏ ပင်စင်လစာငွေများကို ကိုယ်စားလှယ် လွှဲစာဖြင့်မိသားစုဝင်များက အဆင်ပြေစွာထုတ်ယူနိုင်ရန် မြန်မာ့စီးပွားရေးဘဏ်က စီစဉ်ဆောင်ရွက်ပေးထားပြီး သတ်မှတ်ရက် ဘဏ်ဖွင့်ချိန်အတွင်း ပင်စင်လစာများကို ဆက်လက်ထုတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း(မြဝတီ)