ကော့သောင်း ဒီဇင်ဘာ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် (Grade-5) နှင့် အခြေခံပညာအလယ်တန်းအဆင့် (Grade-9) သင်ကြားသင်ယူမှုထိရောက်ရေး အရည်အသွေးမြှင့် သင်တန်းဆွေးနွေးပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ ဒီဇင်ဘာလ(၂၃)ရက်နေ့တွင် စတင်ဆောင်ရွက်လျက်ရှိသည်။
ဆရာ၊ဆရာမများအနေဖြင့် မိမိသင်ကြားတဲ့ဘာသာရပ်အပေါ်မှာ အမြဲတမ်း နိုးနိုးကြားကြား၊ တက်တက်ကြွကြွရှိပြီး အမြဲတမ်းလေ့လာမှုရှိစေရန်၊ နည်းပြဆရာ၊ ဆရာမများနှင့်အတူ ဝိုင်းဝန်းအကြံပြု ဆွေးနွေးခြင်းဖြင့် အကြံဉာဏ်သစ်၊ နည်းစနစ်သစ်များရရှိပြီး သင်ကြားသင်ယူမှု ထိရောက်စေကာ သင်ကြားမှုလုပ်ငန်းများ အရည်အသွေးတိုးတက်မြင့်မားစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်သည်။
အဆိုပါ အခြေခံပညာမူလတန်းအဆင့် (Grade-5)နှင့် အခြေခံပညာအလယ်တန်းအဆင့်(Grade-9) သင်ကြားသင်ယူမှုထိရောက်ရေး အရည်အသွေးမြှင့် သင်တန်းဆွေးနွေးပွဲကို ဒီဇင်ဘာ(၂၃)မှ (၂၇) ရက်နေ့ထိ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ပြီး မူလတန်းအဆင့်(Grade-5)တွင် နည်းပြ(၁၄)ဦး သင်တန်းသားဆရာ၊ ဆရာမ(၂၀၂)ဦး၊ အလယ်တန်းအဆင့် (Grade9)တွင် နည်းပြ(၁၂)ဦး၊ သင်တန်းသား ဆရာ၊ ဆရာမ (၁၄၆)ဦးတို့က ဘာသာရပ်အလိုက် သင်ကြားမှုထိရောက်စေရေး စာတွေ့လက်တွေ့များဖြင့် အပြန်အလှန် သင်ကြားဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန် /ဆက်)