ဒေးဒရဲ ဒီဇင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင် အာဟာရဒါနများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်(၉)နာရီက မြန်မာ့စီးပွားရေးဘဏ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေ ထုတ်ယူလျက်ရှိသည့် အငြိမ်းစားဝန်ထမ်းများအား လိုအပ်သော ကျန်းမာရေးစစ်ဆေးပေးနေမှုကို ကြည့်ရှုအားပေးခဲ့ပြီး အာဟာရဒါနအဖြစ် ကြက်ဥများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အနေဖြင့် သက်ဆိုင်ရာဌာနများဖြင့်ပူးပေါင်း၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းအပြင် အသက်(၈၅)နှစ်အထက် ဘိုးဘွားများနှင့် ကိုယ်ဝန်ဆောင်မိခင်များ၊ အသက်(၂)နှစ်အောက် ကလေးများအား ထောက်ပံ့ငွေများပေးအပ်ခြင်း၊ မြို့နယ်အတွင်း ဘိုးဘွားရိပ်သာများရှိ ဘိုးဘွားများအား အလှူငွေနှင့် ကျန်းမာရေးစောက်ရှောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အေဇာလင်း(ပြန်/ဆက်)