အမျိုးသမီးများ ကြုံတွေ့နေရသည့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများအကြောင်း အသိပညာပေး ဟောပြောပွဲ မုံရွာမြို့၌ ကျင်းပ

မုံရွာ ဒီဇင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး အမျိုးသမီးများကြုံတွေ့နေရသည့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးက အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်းအား ရှင်းလင်းပြောကြားပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းအိအောင်က အမျိုးသမီးများ ကြုံတွေ့နေရသည့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများအကြောင်း သိကောင်းစရာများကို အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့ကြသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မုံရွာမြို့ပေါ်ရပ်ကွက်များမှ ဒေသခံပြည်သူ(၄၀)ဦး တက်ရောက်ခဲ့ပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများနှင့် ပတ်သက်သော ဉာဏ်စမ်း‌မေးခွန်းများကို ပြန်လည်မေးမြန်းခဲ့ပြီး အဖြေမှန်သူများအား တာဝန်ရှိသူများက အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန် /ဆက်)