ဝေါမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်

ဝေါ ဒီဇင်ဘာ ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ယနေ့နံနက်ပိုင်းက နိုင်ငံ့ဝန်ထမ်းများအား လစဉ်ပင်စင်ထုတ်ယူသည့် နေ့တိုင်းကျန်းမာရေးစောင့်ရှောက် မှုအား မြို့နယ်ပြည်သူ့ဆေးရုံဟောင်း၌ ပြုလုပ်ပေးခဲ့​သည်။

ထိုသို့အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးရာတွင် မြို့နယ်ဆရာဝန်ကြီးဒေါက်တာဇော်ဝင်းနိုင်ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားဝန်ထမ်းများအား ဆီးချို၊ သွေးချိုတိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့်‌ဖြစ်ပွားနေ‌သည့်ရောဂါများအလိုက် စမ်းသပ်စစ်ဆေးပေးပြီးလိုအပ်သောဆေးဝါးနှင့် ကုသခြင်းများကို(အခမဲ့) စစ်ဆေးဆောင်ရွက်ကုသပေး‌ကြောင်း သိရသည်။

အောင်မြတ်လင်း(ပြန်/ဆက်)