ရေကြည်မြို့နယ်တွင်နိုင်ငံ့ဝန်ထမ်းပင်စင်စားများအားအခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေး

ရေကြည်   ဒီဇင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ကျန်းမာရေးစောင့်ရှောက်မှု အခမဲ့ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် (၇) နာရီအချိန်မှစတင်၍ မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ ကျန်းမာရေးစောင့်ရှောက်မှုများ‌ ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကုသရေးဦးစီးဌာနမှမြို့နယ်ကုသ‌ရေးဦးစီးဌာနမှူး ဒေါက်တာအေးအေးလင်းဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းပင်စင်စား (၂၇၉၈)ဦးတို့အား နှလုံး၊ သွေးတိုး၊ ဆီးချို၊‌ သွေးချို၊ ပန်းနာရင်ကြပ်စသည့် အခြေခံကျန်းမာရေးရောဂါဆိုင်ရာများကို စစ်ဆေးပေးပြီး ကျန်းမာ ရေးစောင့်ရှောက်မှုအခမဲ့ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးသည့်အပြင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များက ဆန်၊ ဆီ၊ ကြက်ဥနှင့် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းများဖြင့်ရောင်းချပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)