နတ်တလင်း ဒီဇင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက်(၉)နာရီက အခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်ခင်သူဇာဝင်းက အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်လှစ်ပေးရသည့် ရည်ရွယ်ချက်နှင့် ကျောင်းသူ/ ကျောင်းသားများအနေဖြင့် အလေးထားလိုက်နာသင်ယူရန်လိုအပ်ကြောင်း ပြောကြားပြီး သင်တန်းဆရာ ဦးသန်းအောင်မှ ပန်းချီရေးဆွဲနည်းအခြေခံ သဘောတရားများအား ရှင်းလင်းပြောကြားခြင်း၊ လက်တွေ့ရေးဆွဲနည်းတို့အား သင်ကြားပေးခဲ့သည်။
အဆိုပါသင်တန်းအား ဒီဇင်ဘာလ(၂၃)ရက်နေ့မှ (၂၅)ရက်နေ့ထိ နံနက်(၉)နာရီမှ ညနေ(၃)နာရီအချိန်ထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသား(၂၄)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
ဝေယံဖြိုး (ပြန်/ဆက်)