အာဟာရနှင့် ကျန်းမာရေးဆိုင်ရာအမူအကျင့် ပြောင်းလဲရေးအသိပညာပေးဟောပြောပွဲ ကျင်းပ

လပွတ္တာ ဒီဇင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂) နှစ်အောက် ကလေးသူငယ်များအား အာဟာရနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွေးနဒီခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဖြူဖြူဝင်းက ကိုယ်ဝန်ဆောင်များနှင့် ပတ်သတ်၍ အသိပညာပေးပြောကြားခဲ့သည်။ ဆက်လက်၍ ကုတင်(၂၀၀)ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်သီတာအောင်မှ ကိုယ်ဝန်ဆောင်များနှင့် ပတ်သက်၍ ကျန်းမာရေးစောင့်ရှောက်မှုများအ‌ကြောင်း အသိပညာပေးပြောကြားခဲ့ပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးမှူး ဒေါ်ဆင့်မှ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား အာဟာရနှင့် ကျန်းမာရေးအမူအကျင့်ဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးသူငယ်များအား အာဟာရများ ဂုဏ်ပြုပေးအပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာများ၊ မိခင်ကလေးနှင့် အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂) နှစ်အောက်ကလေးသူငယ်များ စုစုပေါင်းအင်အား(၂၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မူမူ