အိမ်မဲမြို့၌ ကျောင်းအခြေပြုတီဘီရောဂါကွင်းဆင်းရှာဖွေခြင်းနှင့် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်း အသိပေးဆွေးနွေး

အိမ်မဲ ဒီဇင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျောင်းအခြေပြုတီဘီရောဂါကွင်းဆင်းရှာဖွေခြင်းနှင့် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်း အသိပေးဆွေးနွေးခြင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် ကျင်းပခဲ့သည်။

ဦးစွာ အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦး ကအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးကျော်အောင်က ကျောင်းကျန်းမာရေးကော်မတီဖွဲ့စည်းခြင်း၊ ကျောင်းအခြေပြုတီဘီရောဂါကွင်းဆင်းရှာဖွေခြင်းနှင့် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်းအကြောင်းကို Power Point ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသူများက ကျောင်းအခြေပြုတီဘီရောဂါကွင်းဆင်းရှာဖွေခြင်းနှင့် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်းနှင့် ပတ်သက်ပြီး သိရှိလိုသည်များကို မေးမြန်းခဲ့ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက ပြန်လည်ဖြေကြားပေးခဲ့ကာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပညာရေးဦးစီးဌာနမှ ဆရာ/မ များ ပြည်သူများ တက်ရောက်ခဲ့ကြသည်။

ချစ်သက်လယ် (ပြန်/ဆက်)