နတ်မောက် ဒီဇင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ ဗိုလ်ချုပ်ကြေးရုပ်ပန်းခြံအတွင်း စုပေါင်းသန့်ရှင်းရေးကို ဒီဇင်ဘာလ ၂၁ ရက်နေ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ဗိုလ်ချုပ်ကြေးရုပ်ပတ်ဝန်းကျင်တွင် သန့်ရှင်းသာယာလှပရေးအတွက် ချုံနွယ်များ၊ မြက်ပင်များ၊ အမှိုက်သရိုက်များ ခုတ်ထွင်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ပန်းအလှပင်များအား ရေလောင်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း