(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲကျင်းပ

တောင်ငူ ဒီဇင်ဘာ ၂၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌  ယမန်နေ့နံနက်ပိုင်းက (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲကျင်းပသည်။

အဆိုပါပြိုင်ပွဲတွင် တောင်ငူမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းအဆင့်‌ ကျောင်းသား‌၊ ကျောင်းသူ(၁၇)ဦးမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုချီးမြှင့်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပသည်။

ဆုချီးမြှင့်ပွဲအခမ်းအနားတွင် တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက အမှာစကား‌ပြောကြားပြီး၊ တောင်ငူမြို့နယ် ပန်းချီ၊ ပန်းပု အစည်းအရုံးမှ နာယကပန်းချီဆရာကြီးဦးစိုးမြင့်လေးက ဆုရွေးချယ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆု(၁)နှင့် နှစ်သိမ့်ဆု(၂) ဆုရ ကျောင်းသား၊ ကျောင်းသူ(၅)ဦးအား လက်ထောက်ညွှန်ကြား‌ရေးမှူး၊ အ.ထ.က (၁) တောင်ငူမှ‌ ကျောင်းအုပ်ဆရာမကြီးနှင့် ပန်းချီဆရာကြီး ဦးစိုးမြင့်‌လေးတို့မှ အသီးသီးဆုများ‌ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)