ကလေးမြို့၌ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

ကလေး ဒီဇင်ဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် အသက်သုံးနှစ်မှငါးနှစ် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်းကို ယနေ့နံနက်ပိုင်းတွင် မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ကလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးတင့်က အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းသား/သင်တန်းသူများအား  ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များကို အသီးသီးပေးအပ်ခဲ့ကြရာ သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းသား/သင်တန်းသူများ၏ အလှကမ္ဘာမြေ၊ စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်၊ ချင်းရိုးရာအက၊ ကိုရီးယားအက၊ သင်္ကြန်ယိမ်းအက စသည့် တေးသရုပ်ဖော်ကပြဖျော်ဖြေမှုများနှင့် သင်တန်းကာလအတွင်း လက်တွေ့ဆောင်ရွက်ခြင်း ခင်းကျင်းပြသထားရှိမှုများကို လှည့်လည်ကြည့်ရှုကြသည်။

အဆိုပါ သင်တန်းကို နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၂၀ ရက်အထိ ဖွင့်လှစ်သင်ကြားခဲ့ပြီး အခမ်းအနားသို့ ကလေးခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးအဖွဲ့ဝင်များ၊ သင်တန်းသား သင်တန်းသူများ၊ စုစုပေါင်း ၉ဝ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)