ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်လှစ်

ဇီးကုန်း ဒီဇင်ဘာ ၂၂

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ပန်းချီရေးဆွဲနည်းသင်တန်းကို ဒီဇင်ဘာ ၂၁ ရက်က ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မာမာဦးက ပန်းချီသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပန်းချီဆရာကြီး ဦးအေးမော်က ပန်းချီရေးဆွဲနည်းနှင့်ပတ်သက်သည့် အခြေခံနည်းစနစ်များ၊ မျဉ်းကွေး၊ မျဉ်းကောက်၊ မျဉ်းဖြောင့်တို့၏ သဘောတရားများ၊ လူပုံ၊ ရှုမျှော်ခင်းပုံ ရေးဆွဲနည်းတို့ကို စာတွေ့လက်တွေ့သင်ကြားပေးခဲ့ပြီး လက်တွေ့ရေးဆွဲစေခဲ့ကြသည်။

အဆိုပါ ပန်းချီရေးဆွဲနည်းသင်တန်းကို ဒီဇင်ဘာ ၂၁ မှ ဒီဇင်ဘာ ၂၃ ရက်နေ့အထိ သင်ကြားပေးမည်ဖြစ်ကြောင်းနှင့် ရေဆေး၊ ဖရောင်းရောင်စုံခဲတံတို့ဖြင့် လက်တွေ့သင်ကြားပေးလျက်ရှိပြီး မြို့နယ်အတွင်းမှ ပန်းချီရေးဆွဲခြင်းတွင် ဝါသနာပါသော ကျောင်းသားလူငယ် ၂၁ ဦးတက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

တင့်ဆွေ (ပြန်/ဆက်)