ဂန့်ဂေါ ဒီဇင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် ပြည်သူများ ပူးပေါင်းကျင်းပသည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ဂန့်ဂေါမြို့ ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကို ဒီဇင်ဘာလ ၁၇ ရက်နေ့မှစတင်၍ ပြိုင်ပွဲဝင်အသင်းပေါင်း(၂၈)သင်းဖြင့် အုပ်စု(၈)အုပ်စုခွဲ၍ အုပ်စုပတ်လည်ပြိုင်ပွဲများကို ကျင်းပလျက်ရှိကာ ၄-၁-၂၀၂၅ ရက်နေ့တွင် ဗိုလ်လုပွဲကို ကျင်းပသွားမည်ဖြစ်ပြီး ပထမဆု(၅၀၀၀၀၀)ကျပ်၊ ဒုတိယဆု (၃၀၀၀၀၀)ကျပ်၊ တတိယဆု(၁၀၀၀၀၀)ကျပ်နှင့် ပိုက်ကျော်ခြင်းနောက်ထိန်းအကောင်းဆုံးဆု၊ ရိုက်ခုတ် အကောင်းဆုံးဆုများကိုလည်း ချီးမြှင့်မည်ဖြစ်ပြီး အမျိုးသားဘော်လီဘောပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း(၉)သင်းဖြင့် အုပ်စု(၂)အုပ်စုခွဲကာ ဒီဇင်ဘာလ ၂၂ ရက်နေ့မှ ဇန်နဝါရီလ ၄ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကာ ဆုငွေအဖြစ် ပထမဆု(၅၀၀၀၀၀)ကျပ်၊ ဒုတိယဆု (၃၀၀၀၀၀)ကျပ်နှင့် တတိယဆု(၁၀၀၀၀၀)ကျပ်တို့ကို ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ(၄-၁-၂၀၂၅)ရက်နေ့တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများအဖြစ် လွန်ဆွဲ(အမျိုးသား၊အမျိုးသမီး၊ကလေး)ပြိုင်ပွဲများ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ လျှောတိုင်တက်ပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ စကောရွက်ပြိုင်ပွဲ၊ တုတ်ဆွဲပြိုင်ပွဲနှင့် မုန့်စားပြိုင်ပွဲများကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မောင်မျိုးမင်း(ပြန်/ဆက်)