ကျုံဒိုးမြို့၌ အခြေခံပညာအလယ်တန်း/မူလတန်းအဆင့် သင်ကြားသင်ယူမှု ထိရောက်ရေး ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ အခမ်းအနားကျင်းပ

ကော့ကရိတ် ဒီဇင်ဘာ ၂၂

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာ အလယ်တန်း/မူလတန်းဆင့် သင်ကြားသင်ယူမှု ထိရောက်ရေး ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉:၀၀ နာရီ အချိန်က ကျုံဒိုးမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ကျင်းပရာ  ကော့ကရိတ်ခရိုင်/ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျုံဒိုးမြို့အုပ်ချုပ်ရေးမှူး၊ ခရိုင်/မြို့နယ်ပညာရေးမှူးနှင့် သင်တန်းသား/ သင်တန်းသူ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်အောင်ကအဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပညာရေးမှူးဦးခွန်အောင်မျိုးဆွေက ဆရာ/ဆရာမများသင်ကြားမှု နည်းစနစ်စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဘာသာရပ်အလိုက် ထူးချွန်ထက်မြက်စွမ်းဆောင်ရည် မြှင့်မား လာစေရေး၊ နိုင်ငံ့သားကောင်းရတနာများ ဖြစ်ထွန်းပေါ်ပေါက်လာအောင် မြှင့်တင်ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ ဆွေးနွေးပွဲများ ဆောင်ရွက်ရခြင်းဖြစ်ကြောင့် ထပ်ဆင့်အမှာစကား ပြောကြားသည်။

အဆိုပါဘာသာရပ်စွမ်းရည်မြင့်ဆွေးနွေးပွဲတွင် မူလတန်းဆင့် Grade-5 ၊ Grade-9 သင်တန်းနည်းပြ ဆရာမ(၅၀)ဦးတို့မှ ကျုံဒိုးအထကကျောင်း၌ အခြေခံပညာ အလယ်တန်း၊ မူလတန်းအဆင့် ဆရာ၊ ဆရာမ (၅၈၈)ဦး၊ကော့ကရိတ်မြို့ အထက(၂)ကျောင်း၌ အခြေခံပညာ အလယ်တန်း၊မူလတန်းဆင့် ဆရာ/ဆရာမ (၂၃၁)ဦးတို့အား သင်ရိုးညွန်းတမ်းအတိုင်း ဒီဇင်ဘာလ(၂၁)ရက်နေ့မှ ဒီဇင်ဘာလ(၂၄)ရက်နေ့ထိ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခရိုင်(ပြန်/ဆက်)