သဲကုန်း ဒီဇင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေးနှင့်မီးဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်ရေး ရည်ရွယ်ချက်ဖြင့် မီးငြှိမ်းသတ်ခြင်းလက်တွေ့သရုပ်ပြပွဲကို ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်က သဲကုန်းမြို့မဈေးကြီး၌ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြပွဲကို မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းတိုက် ဦးဆောင်မှုနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ်များဖြင့် ဈေးအတွင်း လက်တွေ့မီးငြှိမ်သတ်သရုပ်ပြခြင်း၊ ရေစိုအဝတ်ဖြင့် ဖုံးအုပ်ငြှိမ်းသတ်နည်းများ၊ မီးသတ်ဆေးဘူးအသုံးပြုကာ လက်တွေ့မီးငြှိမ်းသတ်ခြင်းများအား ရှင်းလင်းသရုပ်ပြပေးခဲ့ပြီး သရုပ်ပြပွဲအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဥ်ထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဟံအေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်ခင်အေးဝင်းနှင့် ဝန်ထမ်းများ၊ မြို့မဈေးကော်မတီဝင်များ၊ စျေးသူ/ စျေးသားများ တက်ရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
သဲကုန်းမြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလိုက်လံစစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာ ရုံးများ၊ အခြေခံပညာကျောင်းများ၊ မြို့နယ်အတွင်းရှိ စျေးများ၊ မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင်လည်း လက်တွေ့မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ကိုကျော် (ပြန်/ဆက်)