ရွှေတောင်မြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာ၌ ပဲမျိုးစုံ ၃၃၀၁၇ လျာထားဧကစိုက်ပျိုးပြီးစီး

ရွှေတောင် ဒီဇင်ဘာ ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ ဆောင်းသီးနှံစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ပဲမျိုးစုံသီးနှံဖြစ်သည့် မတ်ပဲ၊ ထောပတ်ပဲ၊ ကုလားပဲ၊ ပဲလွန်း၊  ပဲကြီး၊ ပဲတီစိမ်း၊ ဘိုကိတ်၊ ပဲနောက် ၃၃၀၁၇ ဧကစိုက်ပျိုးရန် လျာထားခဲ့ရာပဲမျိုးစုံ ဆောင်းသီးနှံလျာထားဧက  စိုက်ပျိုးပြီးစီးနိုင်ခဲ့ကြောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ရွှေတောင်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူဦးကြီးများမှ စိုက်ပျိုးလုပ်ကိုင်ရင်းဖြင့် မိသားစုဝင်ငွေတိုးပွားစေပြီး ပြည်တွင်းစားနပ်ရိက္ခာဖူလုံစေရန် စိုက်ပျိုးရေးဦးစီးဌာန၏ ပူးပေါင်းဆောင်ရွက်မှုများဖြင့် ဆောင်းသီးနှံစုံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားစေပြီး သီးနှံစိုက်ပျိုးမည့်တောင်သူများ အထွက်နှုန်းကောင်းမွန်စေရေး မျိုးကောင်းမျိုးသန့်များကို ရှာဖွေစုဆောင်း၍ဖြန့်ဝေပေးခြင်း စိုက်ပျိုးရေးနည်းစနစ်များမှန်ကန်စေရေးအတွက် စိုက်ပျိုးနည်းပညာများဖြင့် လက်တွေ့သရုပ်ပြသခြင်းများ ကွင်းဆင်းဆောင်ရွက်၍ ဓာတ်မြေသြဇာနှင့် သဘာဝပိုးသတ်ဆေးများကို အချိုးအစားကျကျ သုံးစွဲနိုင်ရန်နည်းပညာများပေး၍ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိရာ ဆောင်သီးနှံပဲမျိုးစုံစိုက်ပျိုးရာ၌ ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရေး ပြည်တွင်းစားသုံးမှုတည်ငြိမ်စေရန်နှင့် စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်နိုင်ပြီး အရည်အသွေးပြည့်မီသော စျေးကွက်ဝင်သီးနှံမျိုးကောင်းမျိုးသန့်ရရှိ၍ စိုက်ပျိုးထုတ်လုပ်ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုးရေးနည်းပညာများပေးခြင်းမှာယူ၍ ဖြန့်ဖြူးပေးခြင်းများဖြင့် ဆောင်းသီးနှံပဲမျိုးစုံစိုက်ပျိုးရာ၌ ၃၃၀၁၇ ဧက စိုက်ပျိုးပြီးစီးခဲ့သည်။

မြို့နယ်အတွင်း ဆောင်းသီးနှံပဲမျိုးစုံစိုက်ပျိုးရာတွင်မတ်ပဲ ၂၀၀၅၃ ဧက၊  ထောပတ်ပဲ ၄၂၁၀ ဧက၊ ကုလားပဲ ဧက၊ ၂၄၂ ပဲလွန်း ၂၀၇၀ ဧက၊  ပဲကြီး ၁၈၈၀ ဧက၊ ပဲတီစိမ်း ၈၃၂ဧက၊ ဘိုကိတ် ၃၂၀၅ ဧက၊ ပဲနောက် ၅၂၅ ဧက စုစုပေါင်းဆောင်းသီးနှံပဲမျိုးစုံ ၃၃၀၁၇ ဧက အား စိုက်ပျိုးပြီးစီးခဲ့ကာ ရွှေတောင်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများမှ ပြည်တွင်းစားနပ်ရိက္ခာဖူလုံစေရေးနှင့် မိသားစုစားဝတ်နေရေးအဆင်ပြေနိုင်ရေးအတွက် ဆန်စပါး၊ ပဲ၊ ပြောင်း၊ ဆီထွက်သီးနှံဖြစ်သည့် နေကြာ၊ မြေပဲနှင့် စားဖိုချောင်သီးနှံများကို ဒေသအလိုက်စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကိုကိုမင်း(ပြန်/ဆက်)