ကံမ ဒီဇင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန(နေပြည်တော်)၏ လမ်းညွှန်မှုဖြင့် အခြေခံပညာကျောင်းများမှ အထက်တန်း၊ အလယ်တန်း၊ ကျောင်းသား/ကျောင်းသူများအား တီဘီရောဂါအရှိန်အဟုန်မြှင့် ရှာဖွေဖော်ထုတ်ခြင်းလုပ်ငန်းကို ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ (၁၉) ရက်နေ့ နံနက်(၉)နာရီက အခြေခံပညာအထက်တန်းကျောင်း(ကံမ)၌ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် တီဘီရောဂါအကြောင်းအသိပညာပေးဟောပြောခြင်းနှင့် ကျောင်းသား ကျောင်းသူများတွင် တီဘီရောဂါ ရှိ/ မရှိ စမ်းသပ်ခြင်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဝေလင်းဗိုလ်နှင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)