ကံမမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

ကံမ ဒီဇင်ဘာ ၁၉

မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်နှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက်(၉)နာရီက ကံမမြို့၊ အမှတ်(၁)ရပ်ကွက်၊ မြို့နယ်သမဝါယမအသင်းစုလီမိတက်ရုံး၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးမြင့်ဆွေနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ခံအရာရှိများ၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ အသင်းသူအသင်းသားများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးမြင့်ရွှေက အမှာစကားပြောကြားရာတွင် သမဝါယမနှင့်ပတ်သက်ပြီး ကံမမြို့နယ်တွင် သမဝါယမသက်တမ်းသည် (၅၁)နှစ်သက်တမ်းရှိပြီဖြစ်ကြောင်း၊ သမဝါယမစနစ်သည် အလွန်ကောင်းမွန်သည့် စနစ်ဖြစ်သောကြောင့် သမဝါယမအသင်းများမှာလည်း အခြေခံကောင်းများရှိနေပြီဖြစ်ကြောင်းနှင့် အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်သမဝါယမအသင်းစု လီမိတက်ဥက္ကဋ္ဌ ဦးအောင်တင့်က ရှေ့လုပ်မည့်လုပ်ငန်းများအား ပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နုနုတင်က သမဝါယမလုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်သမဝါယမအသင်းစုအတွင်းရေးမှူး ဦးအေးဟန်နှင့် အသင်းဝင်များက မြို့နယ်သမဝါယမအသင်းစုဒါရိုက်တာအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်နှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာ၊ မြို့နယ်သမဝါယမအသင်းစုအသင်းသားစာရင်းစစ်အဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်နှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် စာရင်းစစ်ဆေးချက်အစီရင်ခံစာနှင့် နှစ်ချုပ်စစ်ဆေးရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်နှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် စာရင်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာတို့ကို ဖတ်ကြားရှင်းလင်းခဲ့ပါသည်။ ထို့နောက် ကံမမြို့နယ်သမဝါယမအသင်းစုလီမိတက်ဥက္ကဋ္ဌ ဦးအောင်တင့်က ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်နှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အမှုဆောင်အဖွဲ့လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ၊ အသင်းသားစာရင်းစစ်အဖွဲ့၏ နှစ်ချုပ်စာရင်း စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာတို့ကို အတည်ပြုချက်ရယူခဲ့ကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)