စလင်း ဒီဇင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ သာသနာ့အနွယ်ဝင်သီလရှင် ဆရာလေးများအား မကွေးမြို့ ပရိယတ္တိသာသနာစောင့်ရှောက်ရေးအသင်းအဖွဲ့မှ ယနေ့နံနက် ၈ နာရီအချိန်က မြို့တောင်ကျောင်းစာသင်တိုက် ဘုန်းတော်ကြီးကျောင်း၌ လှူဒါန်းပွဲပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် မကွေးမြို့ပရိယတ္တိသာသနာစောင့်ရှောက်ရေးအသင်း ထောက်ပံ့ရေးအဖွဲ့(Organizer -MaCho Silver)နှင့် အလှူရှင်များက တတိယအကြိမ်မြောက် ဒုတိယနှစ် လာရောက်လှူဒါန်းရခြင်းဖြစ်သည်၊ စလင်းမြို့နယ်ရှိ သာသနာ့အနွယ်ဝင် သီလရှင်ဆရာလေးအပါး(၈၀)အား သွားလာမှုအခက်အခဲမရှိစေရန်နှင့် ပရိယတ္တိ သာသနာပြုလုပ်ငန်းများ အေးချမ်းစွာဆောင်ရွက်နိုင်စေရန် ဆရာလေးများအား ကြိုတင်စာရင်းပြုစု၍ ဖိနပ်အရွယ်အစားနှင့်တကွ စာရင်းကောက်ယူ၍ ဆရာလေးတစ်ပါးခြင်းစီးအား လက်ဝယ်အရောက်ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
မောင်လွင်(စလင်း)