စစ်ကိုင်းတိုင်းဒေသကြီး ယူရီးယားဓာတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ

မုံရွာ ဒီဇင်ဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး ယူရီးယားဓာတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မုံရွာခရိုင် စီမံအုပ်ချုပ်‌ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးသန်းဆွေဝင်း၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ယင်းမာပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ယူရီးယားဓာတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ခန္တီးခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးသန်းဆွေဝင်းက မိမိတို့တိုင်းဒေသကြီးအတွင်း ယူရီးယားဓာတ်မြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချမှုနှင့် ဈေးနှုန်းမှန်ကန်တည်ငြိမ်ရေး၊ ရောက်ရှိလာသည့် ယူရီးယားဓာတ်မြေဩဇာများအား မြန်ဆန်စွာဖြန့်ခွဲမှု စနစ်တကျရှိစေရေး၊ ကောလာဟလသတင်းများနှင့် ဖြစ်ပေါ်နေသည့်အခြေအနေအရပ်ရပ်တွင် ပြည်သူများယုံမှား ကာအခက်အခဲအကျပ်အတည်းများ မဖြစ်ပေါ်စေရေးနှင့် မိမိတို့တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် တာဝန်ကျေပွန်လိုစိတ်ဖြင့် လုပ်ငန်းရှင်များနှင့်ပူးပေါင်းကာ အကောင်းဆုံး ဖြည့်ဆည်းစီမံဆောင်ရွက်ပေးလိုသည့်အတွက် ယခုအစည်းအဝေးအား ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ ယူရီးယားဓာတ်မြေဩဇာများအား သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းနှင့်အညီ တင်သွင်းစေခြင်း၊ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ အခွန်အခများ၊ စနစ်တကျထည့်သွင်းတွက်ချက်ပြီး အခြေခံရည်ညွှန်းဈေးများ ထုတ်ပြန်ကာ တိုင်းဒေသကြီးနှင့် ပြည်နယ်မြို့များအလိုက် ဒေသအရောက်အရင်းဈေးနှုန်းများ ထုတ်ပြန်ပေးပြီး သင့်တင့်သည့် အမြတ်ရာခိုင်နှုန်း သတ်မှတ်ပေးထားပြီးဖြစ်သည့်အတွက်လုပ်ငန်းရှင်များမှ ပြည်သူများအား အရေအတွက်၊ အရည်အသွေး၊ ဈေးနှုန်းမှန် မှန်ကန်ကန် ရောင်းချပေးသွားကြရန်နှင့် တာဝန်ရှိသူများမှလည်း မြေပြင်အထိကွင်းဆင်း ကြီးကြပ်စီမံဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တိုင်းဒေသကြီး မန်နေဂျာတို့က တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များ၌ ယူရီးယားဓာတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချနေမှု အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။

ဆက်လက်ပြီး မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့က မိမိ ခရိုင်/မြို့နယ်များအတွင်းရှိ၌ ယူရီးယားဓာတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချ ပေးနေမှုနှင့်စပ်လျဥ်းပြီး ဖြည့်ဆည်းပေါင်းစပ်ပေးရန် လိုအပ်မှုအခြေအနေများအား အသီးသီး ရှင်းလင်းတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ခန္တီးခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် မိမိတို့ခရိုင်များအတွင်းရှိ မြို့နယ်များ၌ ယူရီးယားဓာတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးရောက်ရှိမှု အခြေအနေများနှင့် ပြည်သူများသို့ရောင်းချပေးနေမှု အခြေအနေများ အသီးသီး ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသူများက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်များတွင် ယူရီးယားဓာတ်မြေဩဇာ သယ်ယူရောင်းချမှု အခြေအနေများနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူးက အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။

 ခရိုင် (ပြန်/ဆက်)