ယင်းမာပင် ဒီဇင်ဘာ ၁၉
ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးကျင်းပသည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယင်းမာပင်မြို့၊ ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
ပိုက်ကျော်ခြင်းအုပ်စုပတ်လည်ပြိုင်ပွဲများကို ပြိုင်ပွဲဝင်အသင်းပေါင်း (၁၄)သင်းဖြင့်လည်းကောင်း၊ စားပွဲတင်းနစ်ပြိုင်ပွဲနှင့် မီနီမာရသွန်ပြိုင်ပွဲများကိုလည်း ၁၇-၁၂-၂၀၂၄ မှ ၃၁-၁၂-၂၀၂၄ အထိ ပြိုင်ပွဲများ ကျင်းပပြုလုပ်မည်ဖြစ်သည်။
အဆိုပါပြိုင်ပွဲများမှ ဆုရရှိကြသည့် ပြိုင်ပွဲဝင်များကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(၄) ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)