(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကြံခင်း ဒီဇင်ဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာသီရိခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်သည်။

အဆိုပါအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီများအနေဖြင့် အားနည်းချက်အားသာချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြစေလိုပါကြောင်း၊ နှစ်စဉ်ကျင်းပသည့် အစီအစဉ်များ၊ ပြိုင်ပွဲများအား ကျင်းပနိုင်ရေး မိမိဆပ်ကော်မတီ အဖွဲ့တို့နှင့်ဆွေနွေးကာ ဆောင်ရွက်မည့်လုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်သွား​ကြရန်ပြောကြားပြီး အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီ၊ ပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီ၊ ဆုချီးမြှင့်ရေးဆပ်ကော်မတီ၊ လုံခြုံရေးဆပ်ကော်မတီတို့က ကဏ္ဍအလိုက်အသီးသီးဆွေးနွေးကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဆပ်ကော်မတီများ၏ တင်ပြဆွေးနွေးချက်များအား လိုအပ်သည်များပေါင်းစပ်ပေးခဲ့သည်။ အဆိုပါ (၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့တွင် ကျား၊ မ မာရသွန်အပြေးပြိုင်ပွဲကို ထည့်သွင်းကျင်းပပေးသွားမည်ဖြစ်ရာ ဆုရရှိကြသူများအား လွတ်လပ်ရေးနေ့အခမ်းအနား၌ ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။

ဖြိုးဝေလင်း (ပြန်/ဆက်)