စလင်း ဒီဇင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူကလေးငယ်များအား ကျောင်းအခြေပြုတီဘီရောဂါပိုးရှိ/မရှိ စမ်းသပ်စစ်ဆေးခြင်းဆောင်ရွက်မှုများကို မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ယနေ့နံနက် (၈)နာရီ ၄၅ မိနစ်အချိန်က မြင်တင်ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနမှ ကျန်းမာရေးမှူးနှင့် ကျန်းမာရေးဆရာ၊ဆရာမများက ကျောင်းသား/ကျောင်းသူကလေးငယ်များအား တီဘီရောဂါအကြောင်းသိမှတ်ဖွယ်ရာများကို ကျန်းမာရေးမှူး(၁) ဒေါ်အေးအေးငြိမ်းက ရှင်းလင်းပြောကြားဆွေးနွေး၍ ကျောင်းသား/ကျောင်းသူကလေးငယ်များနှင့် အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ ကျောင်းသား၊ကျောင်းသူကလေးငယ်များအား တီဘီရောဂါရှိ/မရှိ စမ်းသပ်စသ်ဆေးဆောင်ရွက်ခဲ့ပြီး လတ်တလောချောင်းဆိုးအချွဲကြပ်နေသူများကို တီဘီရောဂါပိုးရှိ/မရှိစစ်ဆေးခြင်းများပြုလုပ်၍ လိုအပ်သည့်ဆေးကုသမှုများကို ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား/ကျောင်းသူကလေးငယ်များအား ကျောင်းတက်ရောက်ပညာသင်ကြားနေစဥ်တွင် တီဘီရောဂါဖြစ်ပွားပါက တစ်ဦးနှင့်တစ်ဦး ကူးစက်ပြန့်ပွားခြင်းမရှိစေရန်နှင့် တီဘီရောဂါပိုးအား ကနဦးစောလျင်စွာချောင်းဆိုး၍ စစ်ဆေးတွေ့ရှိပါက ရောဂါကုသရန်ရည်ရွယ်၍ ကျန်းမာစွာဖြင့်ကောင်းမွန်စွာ ပညာသင်ကြားနိုင်ကြစေရန်အတွက် ယခုလိုကွင်းဆင်းဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဆရာမဒေါ်အေးအေးငြိမ်းက ရှင်းလင်းပြောကြားကာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူများအား ကျောင်းအလိုက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
(မောင်လွင်)စလင်း