စလင်းမြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲကျင်းပ

စလင်း ဒီဇင်ဘာ ၁၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမနှင့် ပြည်သူ့စာကြည့်တိုက်တွင် တောင်သီတပ်ရပ်အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများအား (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို စာအုပ် စာစောင်များနှင့်စာအုပ်၊ နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်(၉)နာရီ ၃၀ မိနစ်အချိန်က ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါပြပွဲတွင် ကျောင်းသား/ ကျောင်းသူများ ဗဟုသုတရရှိစေမည့် သုတစာအုပ်များနှင့် ကလေးများကြိုက်နှစ်သက်စေမည့် ရုပ်ပြစာအုပ်များ ဗဟုသုတရရှိစေမည့်စာအုပ်များအား ခင်းကျင်းပြသထားရာ စိတ်ဝင်တစား ဖတ်ရှုလေ့လာမှတ်သားကြပြီး (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး နံရံကပ်စာစောင်များကိုပြသထားရာ ကျောင်းသား/ ကျောင်းသူများမှ စိတ်ဝင်တစားကြည့်ရှုလေ့လာခဲ့ကြသည်။ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/ ကျောင်းသူများနှင့် ပြည်သူများ အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်စေရေးအတွက် နေ့ကြီးရက်ကြီးများတွင် ပြပွဲပြိုင်ပွဲများ နယ်လှည့်လုပ်ငန်းများနှင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး အွန်လိုင်းမှတစ်ဆင့် အသိပညာပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(မောင်လွင်)စလင်း