တောင်တွင်းကြီးမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး ပစ္စည်းများထားရှိမှု ရှိ/မရှိ လိုက်လံစစ်ဆေး

တောင်တွင်းကြီး ဒီဇင်ဘာ ၁၉

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးစောမောင်၏လမ်းညွှန်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များသည် တောင်တွင်းကြီးမြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ယမန်နေ့နံနက်ပိုင်းက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများထားရှိမှု ရှိ/မရှိ  လိုက်လံစစ်ဆေးခဲ့ကြသည်။

ထိုသို့လိုက်လံစစ်ဆေးခဲ့ရာတွင် တောင်တွင်းကြီးမြို့နယ် မီးသတ်စခန်းမှူး၊ ဒုတိယမီးသတ်ဦးစီးမှူး ဦးသက်နိုင်ဦး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက ပွင့်လင်းရာသီကာလအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူးများ အဆင်သင့်ပြင်ဆင်ထားရှိရေး၊ မီးသတ်ဆေးဘူးအသုံးပြုမှု၊ မီးသတ်ရေကန်များ ရေအပြည့်ထားရှိစေရေး၊ စက်သုံးဆီသိုလှောင်ကန်များ မီးဘေးအန္တရာယ်မဖြစ်ပွားအောင် တည်ဆောက်ထားရှိမှု၊ ဆီအမျိုးအစားပမာဏနှင့် မီးဘေးလုံခြုံရေးပစ္စည်းများ အဆင်သင့်ထားရှိမှုရှိ/မရှိတို့ကို တောင်တွင်းကြီးမြို့နယ်ရှိ BOCစက်သုံးဆီအရောင်းဆိုင်၊ ခိုင်ခိုင်ကျော်စက်သုံးဆီအရောင်းဆိုင်၊ T&T စက်သုံးဆီအရောင်းဆိုင်နှင့် ဝါဝါဝင်းစက်သုံးဆီအရောင်းဆိုင်များအား လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။

နောင်နောင်(ဗိဿနိုးမြေ)