ပေါင်းတည်မြို့၌ စည်ပင်သာယာရေးစျေးများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြသ လေ့ကျင့်

ပေါင်းတည် ဒီဇင်ဘာ ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ဒီဇင်ဘာ ၁၇ ရက် နေ့လယ် ၂ နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးကြီးနှင့်ရွှေတည်စျေးတို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ကြသည်။

ထိုမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြသလေ့ကျင့်နေမှုများကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာစိုး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးအေးကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဦးစီးအရာရှိဦးကျော်မိုးလွင်နှင့်ဝန်ထမ်းများ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာမှူးဦးဝင်းမြင့်နှင့်ဝန်ထမ်းများ၊ စျေးသူစျေးသားများတက်ရောက်ကြည့်ရှုကြပြီး မြို့မမီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးကျော်မင်းထွေးနှင့်မီးသတ်တပ်ဖွဲ့ဝင်များက အရေးပေါ်မီးငြှိမ်းသတ်နိုင်သည့်နည်းလမ်းများကို ရှင်းလင်းပြောကြားကာ လက်တွေ့သရုပ်ပြသပေးကြသည်။

ယင်းနောက် မြို့မမီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူးနှင့်မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်များဖြင့် မီးငြှိမ်းသတ်မှုကို လက်တွေ့ဇာတ်တိုက်လေ့ကျင့်ခဲ့ကြရာ စျေးသား စျေးသူများ၊ စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရသည်။

ရွှေသား (ပြန်/ဆက်)