မိုးညို ဒီဇင်ဘာ ၁၉
(၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲအခမ်းအနားကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ ၂ နာရီက လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန္ဒာလင်းနှင့် အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မျိုးမျိုးမင်းကြည်တို့က လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံနှင့် လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပုံများ၊ ရရှိထားသော လွတ်လပ်ရေးကို လူငယ်လူရွယ်များနှင့် ပြည်သူတစ်ရပ်လုံးက လေးစားတန်ဖိုးထားတတ်ကြစေရန် အသိပညာပေး ဟောပြောခဲ့သည်။
ကျောင်းသား၊ ကျောင်းသူများအား နေ့ထူးနေ့မြတ်များကိုသိရှိစေရန်၊ အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ အဆိုပါအခမ်းအနားကို ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး အခမ်းအနားသို့ တက်ရောက်လာသည့် အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများက လူထုအခြေပြုဗဟိုဌာနတွင်ပြသထားသည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်ဆက်)